ပြင်ဦးလွင် မတ် ၁၉
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် အင်္ဂလိပ်စကားပြောသင်တန်းကို မတ် ၁၆ ရက်မှ ၂၀ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲကို မတ် ၁၆ ရက်က ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဒေါက်တာပြည့်ဖြိုးက အခြေခံအင်္ဂလိပ်စကားပြောနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ အင်္ဂလိပ်စကားပြောသင်တန်းအား ပြင်ဦးလွင်မြို့နယ် အခြေခံ ပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း၅၅ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)