ပြည်ကြီးတံခွန် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၁၃လမ်း၊ ၇၂(A)လမ်းဒေါင့်၊ (က) ရပ်ကွက်၌ ယနေ့ နံနက် ၆ နာရီ ၃၈မိနစ်က လူနေအိမ်အဆောက်အဦအောက်ထပ်ရှိ လျှပ်စစ်ပလပ်ခုံအပူလွန်ကဲ၍ ရှော့ဖြစ်ရာမှ အောက်ရှိပလပ်စတစ်ပုံးများပေါ်သို့ မီးပွားကျ၍ မီးလောင်မှု စတင် ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်ရာ နေရာသို့ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ချမ်းမြသာယာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ယာတော်အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ တံခွန်တိုင်အရန်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် ၁ စီး၊ (ဃ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ (စ)အရန်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ လောကပါ လအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ (က)အရန်မီးသတ်စခန်းမှ ရေသယ် ယာဉ် ၁ စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၈ စီးနှင့် ရေသယ်ယာဉ် ၂ စီး၊ သန္ဓတပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၃မိနစ်တွင် မီးလုံးဝငြှိမ်းသွားခဲ့သည်။
ယင်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းမှ တာဝန်ရှိသူအား အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)