မိုင်းဖြတ် မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (Finess Dance) အကသင်တန်းကို မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားပြီး သင်တန်းသူများကို အားကစားဝတ်စုံများ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကနည်းပြဆရာမက အကနည်းများကို လက်တွေ့သင်ကြားပြသခဲ့သည်။ အဆိုပါသင်တန်းကို မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်းတန်းသူ (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)