ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် “အန္တရာယ်ဖြစ်နိုင်‌ခြေ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပသည်။

ဦးစွာ ခရိုင်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးအောင်သင်းက အမှာစကားပြောကြားပြီး‌ ဒေါ်အေးအေးဖြိုး(မြို့နယ်တပ်ဖွဲ့မှူး)က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်ချက်များအားလည်းကောင်း၊ ဦးထွန်းထွန်း၀င်း(ဒု-မြို့နယ်တပ်ဖွဲ့မှူး)၊ ဒေါ်အေးအေးမိုး (တပ်ခွဲမှူး)နှင့် ဒေါ်ချိုသက်ခိုင်(ဒု-တပ်ခွဲမှူး)တို့က‌ ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အကြောင်း ရှင်းလင်းဟောပြောသည်။ အဆိုပါဟောပြောပွဲသို့ ခရိုင် ‌အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၅၀) တက်ရောက်ကြသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)