မတ္တရာမြို့နယ်၌ ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးအကဲဖြတ်စစ်ဆေး

မတ္တရာ မတ် ၁၉

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှစ်ဆုံးအကဲဖြတ်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ အ.ထ.က(စလွန်ဖြူ) (မြမြင့်ရ်အခြေစိုက်စခန်း)တွင် ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ Leavl (1)အဆင့်တွင် စာရင်းရှိ (၃၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၂၇)ဦး၊ Leavl (2)အဆင့်တွင် စာရင်းရှိ (၂၉) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၂၅ )ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၅၂)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး အကဲဖြတ်စစ်ဆေးခြင်းကို မတ်လ (၁၉)ရက် နေ့မှ မတ်လ (၂၀) ရက်နေ့အထိ (၂)ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပမူလတန်းပညာရေး စနစ်တွင် Leavl (2) အဆင့် အောင်မြင်ပါက အခြေခံပညာကျောင်းတွင် Grade-6 သို့ တက်ရောက်ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ရွှေရာသား