ဗိုလ်တထောင် မတ် ၁၉
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး NCD&Elderly Clinic ခန်း၌ ယမန်နေ့က သွေးတိုး၊ဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုနှင့် အငြိမ်းစားဝန်ထမ်းများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပြင် ကျန်းမာရေးအသိပညာပေးခြင်း၊ Chair Exercises များ ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ပြသသည့် လူနာများမှာ၊သွေးတိုးလူနာဟောင်း (၂၄) ဦး၊ ဆီးချိုသွေးတိုးရောဂါရှိလူနာသစ် (၁) ဦး၊ ဆီးချိုသွေးတိုးရောဂါလူနာဟောင်း (၃၅) ဦး၊ ဆီချိုလူနာဟောင်း (၁) ဦး စုစုပေါင်း လူနာ (၆၀) ဦး လာရောက်ပြသခဲ့ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)