ရွှေသောင်ယံ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အမှတ် (၂) ရပ်ကွက်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်ရာ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က အမှတ် (၂) ရပ်ကွက် အသောကာရာမကျောင်းတိုက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သို့ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ရွှေသောင်ယံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ယာယီနေရပ်စွန့်ခွါပြည်သူ (၇၆၃) ဦးကို တစ်လလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၃) လစာတစ်ဦးလျှင် (၆၀၀၀၀) ကျပ်စီကိုပေးအပ်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ (ပြန်/ဆက်)