မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မော်လမြိုင်ကျွန်း မတ် ၁၉

 ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူများစည်းကားရာနေရာများဖြစ်သော (၁၁) လမ်းထိပ်နှင့် မြို့မဈေး၊ ကမ်းနားဆိပ်နှင့် ဗိုလ်ချုပ်ဈေးတို့တွင် ဖြန့်ဝေခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုအေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ငလျင်ဘေးအသိပညာပေးစာစောင်တွင် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားရန်၊ ငလျင်လှုပ်နေစဥ်တွင် လိုက်နာရန်အချက်များ၊ ငလျင်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် နီးစပ်ရာကုန်းမြေမြင့်သို့ ရွေ့ပြောင်းရန်၊ ငလျင်လှုပ်နေစဥ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များစသည့် ငလျင်ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်