မန္တလေး မတ် ၁၉
မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ရုံးလုပ်ငန်းများ ရှင်းလင်းမိတ်ဆက်ခြင်း အခမ်းအနားကို မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်၊ သဘင်ဆောင်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ရုံး တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၇၂ဦး တက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်က မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆောင်ရွက်ချက်များနှင့် လွှတ်တော်အစည်းအဝေး(ပထမနေ့) အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ဌာနအသီးသီးမှ တာဝန်ရှိသူများက ဌာနစုများအလိုက် ရှင်းလင်းတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များက မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)