ကျောက်ဆည်မြို့၌ စားအုန်းဆီ ၁၂၂၂ ပိသာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေး

ကျောက်ဆည် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co.,Ltd မှ  စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ်ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၁၂၂၂ပိသာအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဒေါ်သီတာ(စစ်ငြိမ်း) စားအုန်းဆီအရောင်းဆိုင်မှ စိုင်မလန်၊ တောင်နောက်ကျေးရွာမှ ပြည်သူများအား ၁၁၀ ပိဿာ၊ ဦးထင်လင်းအောင်(အမေထွား) စားအုန်းဆီအရောင်းဆိုင်မှဒွေးလှ၊ ဇီးပင်ဝန်းကျေးရွာမှ ပြည်သူများအား ၁၁၀ ပိဿာ၊ ဒေါ်ကေဇာခိုင်(နေလသုခ)မှ အေးမြကြည်လင်ရပ်ကွက်မှ ပြည်သူများအား ၃၃၀ ပိဿာ၊ ဒေါ်စန်းစန်းဌေး (နေလသု-၂) စားအုန်းဆီ အရောင်းဆိုင်မှ မြေစို၊ ဘိုးတိုင်ပေါက်၊ သင်ပျိုကျေးရွာပြည်သူများအား ၃၃၀ ပိဿာ၊ ဒေါ်သဇင်အောင် (နေလသုခ)စားအုန်းဆီအရောင်းဆိုင်မှအေးရွာ၊ အနောက်သံရွာ၊ အရှေ့သံရွာကျေးရွာပြည်သူများအား စားအုန်းဆီ ၃၄၂ ပိဿာ  စုစုပေါင်း စားအုန်းဆီ  ၁၂၂၂ ပိသာရောင်းချပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာပြည်သူများအားအလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 စုစုအေး(ကျောက်ဆည်)