အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲကျင်းပ

အိမ်မဲ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီ အားကစားအခြေခံ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီတွင်ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များကို လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိ သူများကအသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။

နွေရာသီအားကစားအခြေခံသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းများမှာ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ဘော်လီဘော၊ Fitness Dance တို့ဖြစ်ကြပြီးသင်တန်းတွင် သင်တန်းသား/သူ (၁၄၀)ဦးရှိကြောင်းသိရ သည်။

"အိမ်မဲမြို့နယ်မှာထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အား ကစားသမားကောင်းများပေါ် ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက် များတွင်ကျောင်းသား၊ ကျောင်းသူ များအားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အားကစား သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း" မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)