မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေး

ကံမ ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက် ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိတစ်ပိုင်တနိုင် ဝက်မွေးမြူရေး လုပ်ကိုင်သူများ တက်ရာက် ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ဌေးမြင့်နှင့်  လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာညိုဝင်းတို့က  လတ်တလောဖြစ်ပွားနေသော ရောဂါအခြေအနေများ၊ အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများမှ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)