ကျောက်မဲ မတ် ၂၀
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၁၈ ရက်နေ့က နေ့လယ် ၁ နာရီအချိန်က မန္တလေးငလျင် တစ်နှစ်ပြည့်အကြိုအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မူမူသိန်းက ငလျင်၏ဆိုးကျိုးများ၊ ငလျင်ဖြစ်ပေါ်လျှင် အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရမည့်နည်းလမ်းများ အစရှိသည့် ငလျင်ဆိုင်ရာအသိပညာဗဟုသုတများကို ဟောပြော ဆွေးနွေး ခဲ့သည်။
ဟောပြောပွဲသို့ တက်ရောက်လာသူများအား ၎င်းတို့ဌာနမှထုတ်ဝေသောလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောပင်တို့ကိုလည်း ဖြန့်ဝေပေးအပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စာပေချစ်မြတ်နိုးသူအသင်းမှ အဖွဲ့ဝင်များနှင့် ဒေသခံလူငယ်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်