ပင်လုံမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ဆောင်ရွက်

ပင်လုံ မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား  ထောက်ပံ့ငွေများပေးအပ်ခြင်းကို အမှတ်(၁)ရပ်ကွက်ရုံး၌ ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပင်လုံမြို့ အမှတ်(၁)ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ပြည်သူများကို ၂၀၂၆ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ(၃)လစာအတွက် တစ်ဦးလျှင် (၆၀,၀၀၀)ကျပ် နှုန်းဖြင့်  စုစုပေါင်း (၁၃၉)ဦးအတွက် ထောက်ပံ့ငွေ (၈,၃၄၀,၀၀၀)သိန်း​ ရှစ်ဆယ့်သုံးသိန်းလေးသောင်းကျပ်အား အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့မှ ထောက်ပံ့​ငွေ​များကိုပေးအပ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)