ကလော မတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင်၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဒုတိယအကြိမ် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကိုကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီးတက်ရောက်လာကြသည့် ပွဲတော်ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီအဖွဲ့များက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။
ကလောမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဌာနဆိုင်ရာနှင့်ရပ်ကွက်/ကျေးရွာများမှ ယိမ်းအကအဖွဲ့များဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီးလာရောက်လည်ပတ်မည့် ပြည်သူများအားစတုဒီသာများဖြင့် ဧည့်ခံသွားဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်တွင် လှောင်းလေများဖြင့်ရေပက် ကစားနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)