မိုင်းစံ မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ကျောင်းသား၊ကျောင်းသူများအား နေ့ထူးနေ့မြတ်သိရှိစေရန်အပြင် ပြင်ပဗဟုသုတများတိုးပွားစေရန်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့်(၈၁)နှစ်မြောက်တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်နေ့ဦးတည်ချက်များ၊ ကျောင်းသား၊ကျောင်းသူ၊ လူငယ်များအသိအလိမ္မာနှင့်ပညာဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း အသိပညာပေးဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကျင်းပရာ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အိဇာချို(မိုင်းစံ၊ပြန်/ဆက်)