ကန်ကြီးထောင့် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကို မတ်လ ၁၉ ရက်နေ့နံနက်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌဦးမြင့်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆-C၊ ဦးပိုင်အမှတ် ၉(စ)၊ တောင်သူ ဦးဆန်းဦး၏ လယ်ဧရိယာ (၁၀.၀၀)ဧကရှိ ဆီထွက်သီးနှံ ဆောင်းနေကြာ(Super Sun 41)အား စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကလျှင် အစိုအထွက်နှုန်း ၅၃.၅၂ တင်း၊ အခြောက်အထွက်နှုန်း ၄၅ တင်း ထွက်ရှိကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)