တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မြန်အောင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်း ဆိုင်များ၊ Showroom များတွင် တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်း ရောင်းချခြင်း ရှိ/မရှိကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စိတ္တသုခဆိုင်ကယ် Show Room၊ အောင်မြင်ဆိုင်ကယ်အရောင်းဆိုင်၊ လပြည့်ဝန်းဆိုင်ကယ်အရောင်းဆိုင်၊ ပြည့်စုံကျော် ဆိုင်ကယ်ရောင်းဝယ်ရေး၊ ရန်မျိုးအောင် ဆိုင်ကယ်အမျိုးမျိုးရောင်းဝယ်ရေး၊‌‌ ဌေးကမ္ဘာဆိုင်ကယ် အမျိုးမျိုးရောင်းဝယ်ရေးဆိုင်တို့အား သွားရောက်စစ်ဆေးခဲ့ကြပြီး တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်များအား ရောင်းဝယ်ခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)