ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကြံခင်း မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၅ စုတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဆီလုပ်ငန်းရှင်များအသင်းတို့ကြီးကြပ်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆီငါးဆယ်ကျပ်သားဆီ သတ်မှတ်ရည်ညွှန်ဈေးများဖြင့် ရောင်းချပေးလျက်ရှိသည်။

‌ကျေးရွာနေပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်စေရန်အတွက် မြို့နယ်စားအုန်းဆီလက်လီကိုယ်စားလှယ်အရောင်းဆိုင်များက စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် စနစ်တကျရောင်းချပေးလျက်ရှိရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)