မိုင်းပျဉ်းမြို့၌ စည်ရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးဟောပြောပွဲ ကျင်းပ

မိုင်းပျဉ်း မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က နိုင်ငံ့ကောင်းကျိုးရှေးရှုသယ်ပိုးမည့် နိုင်ငံ့ဝန်ထမ်းကောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထိန်လင်းအောင်က အီလက်ထရောနစ်စီးကရက်များ ပေါ်ပေါက်လာခြင်းနှင့် ၎င်းတို့၏အန္တရာယ်အကြောင်း၊ မြို့နယ်ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ဆရာရယ်၊ တပည့်ရယ် AI (ဉာဏ်ရည်တု)ရယ် သုံးပွင့်ဆိုင်ပေါင်းစည်းထားတဲ့ ပညာရေးနယ်ပယ်သစ်ဆီသို့ခေါင်းစဉ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက စည်းလုံးညီညွတ်မှုဖြင့် အစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်ထောင်စုအမွေ အကြောင်းတို့ဖြင့်  ဆွေးနွေးဟောပြောကြသည်။ ဆွေးနွေးပွဲအပြီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက  ရုံးဝန်ထမ်းများအား သင်္ကြန်တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)