ကျုံပျော် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မတ်လ ၂၀ ရက်နံနက်က ပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်မီးသတ်ဦးစီးအရှိ ဦးအောင်စိန်ဘွင့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာရမည့်ကိစ္စရပ်များ၊ အသင့်ထားရှိရမည့်မီးငြှိမ်းသတ်ပစ္စည်းများနှင့် အသုံးပြုပုံတို့ကို အသိပညာပေး ဟောပြောသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းကာ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်း၊ အောက်ဆီဂျင်ဖြတ် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)