ပန်းတနော် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာစွမ်းရည်မြှင့်တင်ပေးနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခမဲ့အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၆)ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသည့် လူငယ်များ တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများက Microsoft Word( ရုံးစာတမ်းပြုစုနည်းနှင့် စာစီစာရိုက်ခြင်း)၊ Microsoft Excel(စာရင်းဇယား တွက်ချက်ခြင်းနှင့် ဖန်တီးခြင်း)၊ Microsoft PowerPoint(တင်ပြမှုဆိုင်ရာ (Presentation) နည်းပညာများ)၊ Basic IT Knowledge (ကွန်ပျူတာအခြေခံ နည်းပညာဗဟုသုတများ) စသည့်ဘာသာရပ်များကို လက်တွေ့ စနစ်တကျ သင်ကြားပေးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ အခမဲ့ဖွင့်လှစ်သင်ကြားပေးရခြင်းမှာ လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံကွန်ပျူတာနည်းပညာများကို အခကြေးငွေမပေးရဘဲ တတ်မြောက်စေရန်နှင့် အနာဂတ်လုပ်ငန်းခွင်များတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၆)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဆုမွန်တြာလှိုင် ရုပ်သံ-၃(အင်အားပြ)က အခမဲ့သင်ကြားသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သင်ကြားသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)