မိုင်းယန်း မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်ခဲ့သော နွေရာသီအခြေခံအားကစားနည်းသင်တန်း ကဗျာလွတ်အကသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကားနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုခိုင်မှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများမှ "ဗုဒ္ဓဝင်အလင်္ကာဆောင်ပုဒ်" ကဗျာအား ရွက်ဖတ်ခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ "ကဗျာလွတ်အက"ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား သင်တန်းဆင်းလက်မှတ်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မိုင်းယန်းခရိုင်/ မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ အသီးသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး