ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)ကြီး၏ မဟာနာယကဆရာတော်ကြီးအဘိဓဇမဟာရဋ္ဌဂုရု ဂုဏဝိသိဌပူဇနိယမင်္ဂလာနှင့် သက်တော်(၈၁)နှစ် ဝိဇာမင်္ဂလာပွဲကျင်းပ

ပခုက္ကူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဆရာတော်ကြီးအား အဘိဓဇမဟာရဋ္ဌဂုရုဂုဏဝိသိဌပူဇနိယမင်္ဂလာနှင့် သက်တော်(၈၁)နှစ် ဝိဇာမင်္ဂလာပွဲကို မတ် ၂၀ရက် နံနက် ၉နာရီက ကျင်းပသည်။

ဦးစွာ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော သဗ္ဗီတိယောအစရှိသော ဂါထာတော်များနှင့် ဘဝဆုသဗ္ဗမင်္ဂလံအစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ နိုင်ငံတော်ဩဝါဒစရိယဆရာတော်အရှင်သူမြတ်အား နိုင်ငံတော်အစိုးရကချီးမြှင့်ဆက်ကပ်သော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်နှင့်အဆောင်အယောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူးဒုတိယရဲမှူးကြီးသန်းဝင်းတို့ကလည်းကောင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များကလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် ဘုရားတပည့်ဒါယကာ ဒါယိကာမများကိုယ်စား ပခုက္ကူမြို့၊ တိလောကဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပါရမီရိပ်သာတို့၏ ပဓာနနာယက ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်က ဂုဏဝိသိဌပူဇနိယဂါထာ ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)ကြီး၏ အမှုဆောင်ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမျိုးမြင့်က ကျေးဇူးတင်ဝမ်းမြောက်စကားလျှောက်ထားပြောကြားခြင်း၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ နိုင်ငံတော်ဩဝါဒစရိယဆရာတော်အရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုခြင်း၊ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်အပါး ၃၀၀ အား လှူဖွယ်ဝတ္ထုပစ္စည်းများအား မဲချစနစ်ဖြင့် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   

ဘာမီသာ(ပခုက္ကူ)