ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ညောင်ဦး မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် ရှေးဟောင်းအဆောက်အအုံများ နှင့်ရှေးဟောင်းအုတ်တံတိုင်းများ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေမှုများ ကွင်းဆင်းစစ် ဆေးခြင်းကို မတ် ၂၁ ရက် နံနက် ၈ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း သိကြားဟစ်ဘုရားအတွင်း နံရံဆေးရေးပန်းချီ များအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ဥပါလိသိမ်တွင် အိန္ဒိယနိုင်ငံမှ Archaeological Survey of India (ASI) အဖွဲ့၏ကြီးကြပ်မှုဖြင့် Chemical Conservation ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွာဟောင်းကြီး Complex(စကားကျောင်းတော်) တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊တာဝန်ရှိသူးများက ပြုပြင်ထိန်းသိမ်းရေးဆောင် ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောကြားသည်။ထို့နောက် မိုးရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၁၀၄၂)၊ (ဆင်ကအုတ်တိုက်)အားအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများအားရှင်းလင်းပြောကြားသည်။ ထို့နောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း