ဇလွန်မြို့နယ်၌ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

ဇလွန် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၁ နာရီတွင် စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများက သပြေညိုကဗျာကို စုပေါင်းရွတ်ဆို၍ စာဖတ်ဝိုင်းကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်ပြေငြိမ်း (ဇလွန်) က ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဗဟုသုတများရရှိလာစေရန် ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ခေါင်းစဥ်ဖြင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက ကိုယ်တိုင်ရေးသားကြသည့် သပြေညို၊ ကျေးရွာဝါဒ၊ ပျဉ်းမငုတ်တို့ စိုးစိတ်၊ ဆန္ဒမွန် ကဗျာခေါင်းစဥ်မှ အသီးသီးရွတ်ဆို၍ စာဖတိဝိုင်းပြုလုပ်ခဲ့ပြီး အဆိုပါ ကဗျာခေါင်းစဥ်ပါ အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ဖြင့် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)