စလင်းမြို့နယ်တွင် ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်များအား စေတနာဆရာဝန်များ စုပေါင်းအခမဲ့ ဆေးကုသပေး

စလင်း မတ် ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူ ပြည်သူများအတွက် ကုသိုလ်ဒါနအဖြစ် စေတနာဆရာဝန်များနှင့် ဆေးဝါကျွမ်းကျင်သူများ စုပေါင်း၍ ဆေးကုသပေးခြင်းကို  မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ မတ်လ ဒုတိယပါတ်အဖြစ် ပုထိုးဖြူရပ်ကွက်ငွေ တောင်ဦးကျောင်းဝန်းတွင်း၌ ကုသပေးကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်များအား စေတနာဆရာဝန် (၃) ဦး၊ တိုင်းရင်းဆေးဆရာ (၁) ဦး၊ အကြောပြင်ဆရာ (၁) ဦးနှင့် ဆေးဝါးကျွမ်းကျင်စေတနာရှင်များ စုပေါင်း၍ ကျန်းမာရေးချို့တဲ့သူ၊ ဝေဒနာရှင်ပြည်သူများအား အမည်စာရင်း ကောက်ယူ၍၊ စည်းကမ်းတကျ အလှည့်ကျ ကျန်းမာရေးမကောင်းသူများ၏ သွေးတိုးဆီးချိုနှလုံးနှင့် လတ်တလောဖြစ်ပေါ်နေသည့် ရောဂါအမျိုးမျိုးတို့အား စမ်းသပ်စစ်ဆေး၍၊ စားဆေးသောက်ဆေးများ ပေးဝေကာ အခမဲ့ နံနက် ၇ နာရီမှ နေ့လယ် နာရီအချိန်အထိ  စုပေါင်းကုသိုလ်ကုသပေးလျက်ရှိပြီး ရပ်ဝေးရပ်နီးမှ ရဟန်းသံဃာများနှင့် ပြည်သူစုစုပေါင်း (၃၇၀)ဦးအား ဆေးကုသပေးခဲ့ကြောင်း  ဒီု့မေတ္တာစေတနာဆေးခန်းမှ သိရသည်။

မောင်လွင်(စလင်း)