သာပေါင်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်ပေးလျက်ရှိရာ မတ်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ နံနံပင်ကုန်းကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ကျန်းမာရေးအသိပညာပေး ဆေးကုသစောင့်ရှောက်ခြင်းများကို မြို့နယ်တိုင်းရင်းဆေးကု ဌာန၊ တိုင်းရင်းဆေးမှူး ဆရာမကြီးဒေါ်ခင်လေးမွန်က တိုင်းရင်းဆေးသမိုင်းကြောင်းများနှင့် ရာသီဥတုအပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသောရောဂါများဖြစ်ပွားမှု သက်သက် ပျောက်ကင်းအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများ အကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောကာ လှေကြီးတတ် ကျေးရွာအုပ်စု၊ နံနံပင်ကုန်းကျေးရွာနေပြည်သူ (၆၇) ဦးတို့ကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေးနွေးဆေးကုသစောင့်ရှောက်ခြင်းများကို ဆေးအကူဝန်ထမ်းနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး ကျန်ရှိကျေးရွာအုပ်စုများရှိ ပြည်သူများအား လစဉ်အသိပညာပေး၊ အခမဲ့ဆေးကုသစောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး