မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း မတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၃)က ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအကြောင်း၊ မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၇)က မုန်းလိုက်အုပ်စု၊ ဝမ်လျှဲန်းဖိုင်ကျေးရွာ၌ လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တားဆီးပညာပေးအကြောင်းကို ဟောပြောသည်။

မိုင်းယောင်းမြို့တွင် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့ ၁၁ ဖွဲ့ခွဲ၍ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးကြပ်ပြီး ရပ်ကွက်/ကျေးရွာများ၌ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)