လားရှိုးမြို့ မြို့မဈေးကြီး၌ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေ

လားရှိုး မတ်၂၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်  အသိပညာပေး လက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) နှင့် လားရှိုးခရိုင်ရုံးမှ ဝန်ထမ်းများက အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ ခံစားရပါက လိုက်နာရမည်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း ခံစားနေရသည့် လူနာအား အရေးပေါ် ရှေးဦးပြုစုရန်နည်းလမ်းများ စသည့်အကြောင်းအရာများ ပါဝင်သည့် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်  အသိပညာပေးလက်ကမ်းစာစောင်များအား မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း ဈေးဝယ် ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)