ကြံခင်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စား ၁၁၈၇ ဦးအား ယနေ့နံနက် ၆ နာရီမှစတင်၍ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
ဦးစွာ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင် မိသားစုက လှူဒါန်းသော နို့ဆန်ပြုတ်များ ဖြင့် လှူဒါန်းကြပြီး၊ အငြိမ်းစားပင်စင်လစာ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် ဝန်ထမ်းများက ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ယူရန် ကိုယ်တိုင်မလာရောက် နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ ထုတ်ယူရန်ကျန်ရှိသူများအား ပင်စင်လစာထုတ်ပေးခြင်းများကို စီစဉ်ဆောင်ရွက်ထုတ်ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြို့ပြပင်စင်စား (၆၈၀) ဦး၊ ကာကွယ်ရေး ပင်စင်စား (၃၃၅) ဦး၊ နိုင်ငံရေးပင်စင်စား (၆၆)၊ ဘဏ်ပင်စင်စား (၁၀) ဦးနှင့် ရဲဝန်ထမ်းအငြိမ်းစား (၉၆) ဦးအား ပင်စင်လစာများထုတ်ပေးခဲ့ပြီး မတ်လ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ၊ နေ့စဉ် ရုံးဖွင့်ရက်များတွင် နံနက် (၆) နာရီမှနေ့လယ် (၁၂) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း