ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ဟိုပုံး မတ် ၂၃

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၃) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက်(၈)နာရီက ကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၂၃) သင်တန်းသားများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က သင်တန်းအဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ဘုရင့်နောင်ခန်းမတွင် အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးတို့က နိုင်ငံ့သားကောင်းများအား ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်း ဖွင့်လှစ်ရခြင်း၊ ခေါ်ယူရခြင်းအကြောင်းများ၊ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ခေတ္တကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)