ညောင်ရွှေစာဖြေဌာန၌ ၁၃၈၇ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကဘာသာ စတင်ဖြေဆို

ညောင်ရွှေ မတ် ၂

၁၃၈ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာသာရပ်) ဖြေဆိုခြင်းကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက  ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ ရွှေရတု ဆွမ်းစားကျောင်းဆောင်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ညောင်ရွှေစာဖြေဌာနမှ  သံဃာတော် နှင့် သီလရှင် စုစုပေါင်း (၅၅)ပါး စာရင်းပေးသွင်းထားပြီး (၄)ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာဖြေ သံဃာတော်များနှင့် သီလရှင်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေးကော်မတီဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်