ပူတာအို မတ် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်စာကို တတ်မြောက်နိုင်ရန်နှင့် နွေရာသီကျောင်းပိတ်သည့် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် အလယ်တန်း၊ အထက်တန်းအဆင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် (၂၃) ရက် မွှန်းလွှဲ (၁) နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက သင်တန်းဖွင့်လှစ်ရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဉမ္မာကိုကိုကြီး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက သင်တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူများ အတွက် သင်ထောက်ကူပစ္စည်း ဘောလ်ဘင်၊ ပေတံ၊ ခဲတံ၊ မှင်ဖျက်ဆေး၊ ခဲချွန်စက်၊ သင်တန်းတစ်ဦးလျှင် ဗလာစာအုပ် လေးအုပ်နှုန်းဖြင့် ပေးအပ်ကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့ မြို့ပေါ်ရပ်ကွက်များမှ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းသားသမီး အခြေခံပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၅) ဦးတို့အား မတ် (၂၃) ရက်မှမေလ (၁၇) ရက်နေ့အထိ အပတ်စဉ် တနင်္လာမှသောကြာနေ့အထိ နေ့စဉ် မွန်းလွှဲ (၁) နာရီမှ (၃) နာရီအထိ အခြေခံပညာကျောင်းဆရာ/မ သင်တန်းနည်းပြဆရာ/မများက ပညာဒါနအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)