ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် မတ် ၂

ကျောင်းသားကျောင်းသူများ မြန်မာစာအရေးအသား တိုးတက်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားနည် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့‌မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် စာရေးဆရာ ကိုရွှေအောင်သင်းက စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားရာတွင် လိုအပ်သည့်အချက်များ၊ ရေးသားပုံရေးသားနည်းများ၊ သဒ္ဒါထားသိုပုံ ထားသိုနည်းများ အစရှိသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားနည်း သင်တန်းအား ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ  ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၃ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၂၃.၃.၂၀၂၆ ရက်နေ့မှ ၂၅.၃.၂၀၂၆ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)