မင်းဘူးမြို့၌ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က “တောမီးနှင့်အခြားမီးများကြောင် မီးလောင်မှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ယခုအခါ ပွင့်လင်းရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက်  အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် တောမီးနှင့်အခြားမီး လောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေး မီးခိုးမြူငွေ့ညစ်ညမ်းမှု မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချနိုင်ရေးများ လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့လိုအပ်ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်းဘူးခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာက မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)