မင်းဘူး မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ မရှိစေရေး၊ လမ်းဘေးဈေးသည်များ၊ လေလွင့်ကလေးငယ်များနှင့် သောင်းကျန်းသူများ ဝင်ရောက်သွားလာ နေထိုင်ခြင်းမရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လမ်းဆုံ၊ လမ်းခွနှင့် မီးပွိုင့်များတွင် လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးခြင်းကို မင်းဘူးမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများလိုက်ပါကာ ဆိုင်ကယ်ဆိုင်များ၊ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကာ တောင်လှည်းကောက်လမ်းဆုံ၊ မြောက်လှည်းကောက်လမ်းဆုံ၊ ကုလားကုန်းအတက် မြို့မဈေးကြီး လမ်းဆုံနှင့် မီးပွိူင့်များတွင် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် မင်းဘူး-စကု လမ်းမကြီးတစ်လျှောက် သောင်းကျန်းသူများ၊ စည်းကမ်းမဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းချသူများ၊ လေလွင့်ကလေးငယ်မရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မင်းဘူး(ခရိုင်၊ ပြန်/ဆက်)