မိုင်းခတ် မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား သင်္ကြန်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နွေရာသီအခြေခံအားကစားသင်တန်းမှ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ဘောလုံး၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာသင်တန်းသား၊ သင်တန်းသူအားကစားလူငယ်များက ဘောလုံးအားကစားနည်းကို သရုပ်ပြသလေ့ကျင့်ခဲ့သည်။ ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုမင်းအောင်(KMA) အသင်းအားငွေသားနှင့် တံခွန်စိုက်ဒိုင်းဆု၊ ဒုတိယဆုရရှိသော လားဟူ(FC) အသင်းအားငွေသားဆု၊ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုနှစ်ဆုနှင့် ဂိုးသွင်းအများဆုံး ကစားသမားဆုများကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)