အလုံ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနရုံးက ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register-CEIR) အကြောင်းရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အုန်းက အမှာစကားပြောကြားခဲ့ပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)