သာယာဝတီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်

သာယာဝတီ သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက် ပွဲမဲဆန္ဒရှင် စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ် ဇီးပွဲကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ သာယာဝတီမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးစိန်လွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေး ကတ် မရရှိသော ပြည်သူများအား စနစ် တကျ  စိစစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Social Distancing စနစ်ဖြင့် ဆောင်ရွက်ပေးသည်။

သာယာဝတီမြို့နယ်အတွင်းတွင် ရွေးကောက်ပွဲရက်မတိုင်မီ ရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ သာယာဝတီမြို့နယ်ဦးစီးမှူးရုံးမှ သိရ သည်။

သန့်ဇော်(ပြန်ဆက်)