လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် BOC မီးပွိုင့် ပန်းလှိုင်တံတားအဆင်း၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ မတ် ၂၄

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက BOC မီးပွိုင့် ပန်းလှိုင်တံတားအဆင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စု-၆၈မှ ရဲအုပ် ဝတ်ရည်ချို၊ တပ်ရင်း (၈) မှ တပ်ကြပ်ကြီး လှမျိုးနှင့် တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်စေရန်အတွက် အိုးဝေ၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား လမ်းအလယ်မှ မောင်းနှင်မှုမရှိစေရေး လမ်းယာဖက်မောင်းနှင်စေရန်နှင့် မော်တော်ယာဥ်များ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်စေရန်၊ ပါဝါအတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေးတို့အား စစ်ဆေးကာ အသိပညာပေးခြင်းများ ပြုလုပ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)