နတ်မောက် မတ် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက သင်္ကြန်ပွဲတော်အတွက် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ နတ်မောက်မြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကို ဌာနဆိုင်ရာနှင့်ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်မည့်ပြည်သူများအား စတုဒီသာများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း