ပဲခူး မတ် ၂၄
ပဲခူးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သူက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များ ထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ လောင်စာသိုလှောင်ထားရှိမှု၊ ဝင်လမ်းထွက်လမ်းများ ကောင်းမွန်စေရေး၊ အရေးပေါ်ရေလုံလောက်စွာရရှိစေရေး၊ မီးသတ်ဆေးဘူး အသုံးပြုတတ်စေရေး၊ 191 Report application အား တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်စေရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထက်အောင်လင်း (ပြန်/ဆက်)