ညောင်တုန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် အစိုးရဓမ္မာစရိယစာမေးပွဲကို ရဟန်း(၂၄)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်း စာဖြေရဟန်းနှင့် သီလရှင် (၂၅)ပါး စာရင်းသွင်းဖြေဆိုကြပြီး စာမေးပွဲများကို မတ်လ ၂၃ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်နေ့ရက်များအလိုက် ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်ဆက်)