လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ဆောင်ရွက်

လားရှိုး မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွား‌စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးစိုင်းထွန်းနေလှိုင်က အမှာစကားပြောကြားပြီး ကျွမ်းကျင်(၃) (ရုပ်/သံ) ဒေါ်မီမီမိုးက ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ရုပ်ပုံပြပုံပြင်ပြောခြင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာတက်ရောက်လာသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)