ကော့မှူးမြို့နယ်တွင် ယာဥ်များအား BarCode/QRCode ဖြင့် စက်သုံးဆီရောင်းချ​နေမှုအား လိုက်လံ စစ်ဆေး

ကော့မှူး မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ MaxApex၊ ရွှေသရဖူစက်သုံး ဆီအရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက​ မြို့နယ်စီစစ်​ကြီးကြပ်ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာသို့ မြို့နယ်စီစစ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်လွင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယာဥ်များအား BarCode/ QRCode ဖြင့် စက်သုံးဆီရောင်းချ​နေမှု၊ စွမ်းအင်ဌာန၏ညွှန်ကြားချက်အတိုင်းရောင်းချရေး၊ ရောင်းချရာတွင်လည်း ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေး၊ အ​ရောင်းဆိုင်အား အကြောင်မဲ့ပိတ်ထားခြင်းမရှိစေရေး စသည့် အခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး Own P.O စက်သုံးဆီအ​ရောင်းဆိုင်ဖြစ်သည့် Max ဆီဆိုင်အား လုပ်ငန်းသုံးဒီဇယ်ဆီရောက်ရှိမှု၊ ရောင်းချမှုအသေးစိတ်စာရင်းအား နေ့စဥ်ပြုထားရှိပြီး ပေးပို့တင်ပြရန်၊​ ရောင်းချရာတွင်လည်း P.O ညွှန်ကြားချက်များအတိုင်း စီစစ်ရောင်းချရန်၊ အများပြည်သူသုံး​စက်တပ်ရေယာဥ်များ ပုံမှန်ပြေးဆွဲနိုင်ရေးအတွက် ရေယာဥ်မှတ်ပုံတင် လက်မှတ်မူရင်းအား လျှောက်လွှာနှင့်အတူ ဆီဆိုင်သို့တင်ပြလာပါက စီစစ်ပြီး အမှန်တကယ် အသုံးပြုရမည့် အရေအတွက်ကိုသာရောင်းချပေးသွားရန်၊ စက်သုံးဆီအရောင်ဆိုင်များ အားလုံးအနေဖြင့် ညွှန်ကြားချက်များ၊ သတ်မှတ်စည်းကမ်းချက်များ အတိုင်းလိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)