မူဆယ် မတ် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နွေရာသီ အခြေခံစစ်တုရင်သင်တန်းကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် မတ်လ ၂၃ ရက်နေ့ကစ၍ ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။
ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မူဆယ်မြို့ စစ်တုရင်အသင်းမှ ကြီးမှူး၍ နွေရာသီအခြေခံ စစ်တုရင်သင်တန်းကို ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်သည်၊၊ သင်တန်းနည်းပြများအနေဖြင့် မူဆယ်ခရိုင် စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်မိုးနှင့် ကော်မတီအဖွဲ့ဝင် ဦးမျိုးခိုင်တို့က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး၊ သင်တန်းသား/သင်တန်းသူ ၄၀ ဦးကို မတ်လ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)