လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်လှစ်

ရန်ကုန် မတ် ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ ပူ​ပေါင်းကျင်းပသည့် AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) မြို့နယ်၌ ပြုလုပ်သည်။

စာကြည့်တိုက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များနှင့် စာကြည့်တိုက်အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများ တက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူတွေ အသိပညာအတွေးအခေါ်မြင့်မားရေး အထောက်အကူဖြစ်စေတဲ့ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အစိုးရ၊ အဆင့်ဆင့်သော စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊ စာကြည့်တိုက်မှူးများနဲ့ ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားစာကြည့်တိုက်မှူးများအနေဖြင့် သင်တန်းတက်ရောက်တဲ့ ကာလမှာသင်တန်းက ပို့ချတဲ့ AI နည်းပညာနဲ့ ဆက်စပ်ပြီး စာကြည့်တိုက်ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိတို့စာကြည့်တိုက်တွေမှာ ပြန်လည်အသုံးချကာ မိမိဒေသကပြည်သူများ အထူးသဖြင့် လူငယ်များ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုအပ်​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးက သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးအခမ်းအနား

တက်​ရောက်လာကြသူများက စု​ပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ယ​နေ့ကျင်းပ​သော AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်သို့ သင်တန်းသူသင်တန်းသား (၅၀) ဦး တက်​ရောက်ကြပြီး သင်တန်းကာလမှာမတ် ၂၃ ရက်မှ မတ် ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြား​ပေးမည်ဖြစ်​ကြောင်း သိရှိရသည်။

​အောင်မြင့် (ပြန်/ဆက်)