ကျောက်ဆည်မြို့နယ်၌  ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေ

ကျောက်ဆည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးအပြင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ မြေပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံနှင့် ဥယာဉ်ခြံမြေများတွင် ငှက်ပျောသီးနှံများလည်း စိုက်ပျိုးကြကြောင်းသိရပြီး ယခုအခါ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးရာတွင် အလုပ်သမားရှားပါးခြင်းနှင့် သွင်းအားစုမြင့်မားခြင်းများ မရှိသည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်ရာတွင် တစ်ဧက အပင် ၈၀၀ ခန့်ဝင်ဆန့်ပြီး ရောင်းချရာ၌ ငှက်ပျောအခိုင် လှပမှုအပေါ်မူတည်၍ ငှက်ပျောအဖီး ၆ ဖီးပါ ငှက်ပျောခိုင် ၄၀ အား ငွေကျပ် ၅၀၀,၀၀၀ကျပ်မှ ၆၀၀,၀၀၀ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး()လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂)အကြာတွင် စတင် ခုတ်ရောင်းရကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုး(ငှက်ပျောစို့အပင်ငယ်)နှင့် စိုက်စရိတ် အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အသီးများရောင်းချပြီး ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၈ သိန်းခန့်ကုန်ကျကြောင်း ငှက်ပျောတစ်ဧကစိုက်ပျိုးထားပါက (ငှက်ပျောခိုင် ၄၀ ပါ) လှည်းအစီးရေ (၁၃)စီးမှ(၁၄)စီး ရောင်းချရကြောင်း၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာမှ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)