မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

မောက်မယ် မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ထိုသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပညာရေးဌာနမှ သင်တန်းနည်းပြဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများ တက်ရောက်ပြီး စုပေါင်းအမှတ်တရမှတ်တမ်း တင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)